ဒီပုံထဲမှာ ကျွန်မကို ရှာတွေ့တဲ့သူ အလုပ်ကောင်းရပါစေရှင်။း) နောက်တာပါ။ |
အလုပ်ကောင်းတစ်ခုကို ဘယ်လိုနည်းတွေနဲ့ ရှာဖွေကြမလဲ။
- ရှာဖွေရတဲ့ အကြောင်းရင်းဦးတည်ချက်အဆင့်
- အချက်အလက်များ ရှာဖွေစုဆောင်းခြင်းအဆင့်
- လူတွေ့စစ်ဆေးခြင်းအဆင့်
- ဆက်လက်လုပ်ဆောင်ခြင်းအဆင့်
1. ရှာဖွေရတဲ့ အကြောင်းရင်းဦးတည်ချက်အဆင့်
- ကိုယ့်ကိုယ်ကို သိနားလည်ခြင်း။(မိမိရဲ့တတ်ကျွမ်းမှု၊ ပညာ...)
- အလုပ်ရှင်ရဲ့ ရွေးချယ်မှုစံကို လေ့လာထားခြင်း။
- မိမိဝင်ရောက်လုပ်ကိုင်လိုတဲ့ အလုပ်ဌာနရဲ့ သတင်းအချက်အလက်တွေကို သိုမှီးထားခြင်း။
- အလုပ်ရနိုင်မယ့် ဂွင်ကိုရှာခြင်း။
- ကိုယ့်ကိုယ်ကို သိနားလည်ခြင်း အပိုင်းမှာ မိမိရဲ့ဝါသနာ၊ တတ်မြောက်မှုအတတ်ပညာ၊ အားသာချက်ကဘာလဲ။ မိမိဟာဘယ်လိုလူစားမျိုးလဲ။ မိမိရဲ့ အလုပ်စီမံကိန်းနဲ့ ရည်ရွယ်ချက်ကဘာလဲ စသဖြင့် နားလည်ထားဖို့လိုပါတယ်။
- အလုပ်ရှင်ရဲ့ ရွေးချယ်မှုစံနှုန်းများ
personality ကိုယ်ရည်ကိုယ်သွေး ( အလုပ်လာလျှောက်သူဟာ အလုပ်ကိုတာဝန်သိတတ်စွာနဲ့ ပြီးစီးအောင်လုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိသူဟုတ်မဟုတ်နဲ့ အခြားလူ့ကျင့်ဝတ်ကောင်းတွေရှိမရှိ။)
ဥပမာ အသိပညာအရည်အသွေးအဆင့်မြင့်သူ။
ကောင်းမွန်တဲ့စိတ်ထားရှိပြီး တဖက်သားကို ပျော်ရွှင်စေသူ။
အလုပ်ပေါ် သစ္စာရှိသူ။
interests ဝါသနာ ( အလုပ်လျှောက်သူမှာ အလုပ်နဲ့သင့်လျော်ပြီး အထောက်အကူပြုနိုင်မယ့် ဝါသနာ ရှိမရှိ။)
knowledge ဗဟုသုတ ( အလုပ်နဲ့ပတ်သက်တဲ့ အသိပညာ ဗဟုသုတ ရှိမရှိ။)
skills ကျွမ်းကျင်မှု (အလုပ်နဲ့ပတ်သက်ပြီး ရှိသင့်တဲ့ ကျွမ်းကျင်မှုရှိမရှိ။ ဥပမာ ဘာသာစကား၊ ကွန်ပျူတာ အတတ်ပညာ စသဖြင့်။)
abilities စွမ်းရည်များ ( အလုပ်ကို ပြီးမြောက်စေနိုင်မယ့် ရှိသင့်တဲ့ထူးခြားတဲ့ အရည်အသွေးရှိမရှိ။ ဥပမာ သင်ယူမှု အရည်အသွေး၊ ခွဲခြားစိတ်ဖြာနိုင်တဲ့ အရည်အသွေး၊ စီးပွားရေးအမြင်၊ လုပ်ဆောင်နိုင်တဲ့ အရည်အသွေး စသဖြင့်။)
ကျွမ်းကျင်မှုအရည်အသွေး= အလုပ်အရည်အချင်း၊ အလုပ်နဲ့သက်ဆိုင်တဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှုဆိုင်ရာအသိတရား၊ ကျွမ်းကျင်မှု လက်မှတ်များ။
လုပ်နိုင်မှုစွမ်းရည်= ပြဿနာများကို ခွဲခြားစိတ်ဖြာပြီး ဖြေရှင်းနိုင်စွမ်း၊ ပေါင်းသင်းဆက်ဆံရေးစွမ်းအား၊ ပူးပေါင်းလုပ်ဆောင်နိုင်မှု။
လုပ်ငန်းရှင်ကြိုက်နှစ်သက်သော အရည်အသွေးများ
၁။ ကိုယ်တိုင်စတင်လုပ်ဆောင်တတ်တဲ့ ဖျတ်လပ်တက်ကြွခြင်း။
၂။ ပူးပေါင်းလုပ်ဆောင်တတ်ခြင်း။
၃။ တာဝန်ယူတတ်ခြင်း။
၎။ သစ္စာရှိခြင်း။
၅။ ရိုးသားဖြောင့်မတ်ခြင်း။
၆။ ဆန်းသစ်တီထွင်တတ်ခြင်း။
၇။ ပြဿနာများကို ခွဲခြားစိတ်ဖြာပြီး ဖြေရှင်းနိုင်စွမ်းရှိခြင်း။
၈။ ဆက်လက်သင်ယူတတ်ခြင်း။
၉။ အလုပ်ကို စီမံချက်ဆွဲ၍ ပြီးစီးအောင်လုပ်ဆောင်ခြင်း။
၁၀။ အရည်အသွေး ထိန်းချုပ်စွမ်းရှိခြင်း။
လုပ်ငန်းရှင်များ မနှစ်မြို့တဲ့လုပ်သား(၁၀)မျိုး
၁။ အလုပ်ကျွမ်းကျင်မှုအားနည်းသူ။
၂။ အလုပ်မကြိုးစားသူ။
၃။ အခက်အခဲများတွေ့ကြုံလာလျှင် အလွယ်တကူနောက်ဆုတ်တတ်သူ။
၎။ ပူးပေါင်းလုပ်ဆောင်ခြင်း စိတ်ဓတ်မရှိသူ။
၅။ အလုပ်ဝတ္တရားပျက်ကွက်သူ။
၆။ ခံနိုင်ရည်အားနည်းသူ။
ရ။ ခေါင်းမာလွန်းသူ။
၈။ ကိုယ့်ငါးချင်သာကိုယ်ချင်တတ်သူ။
၉။ နာခံမှုမရှိသူ။
၁၀။ ရွှင်ပျခြင်းမရှိသူ။
ဘုရားရှင်ထံဆုတောင်းခြင်း(ဒီအချက်က ဆရာ့သင်ခန်းစာထဲမှာမပါဝင်ပေမယ့် ကျွန်မကိုယ်တိုင် အတွေ့အကြုံအရ အရေးအကြီးဆုံးအချက်ပါ။)
ကြေငြာများ( သတင်းစာ၊ အလုပ်ကြေငြာစာစောင်၊ အင်တာနက်၊ ကုမ္ပဏီဝက်ဆိုဒ်။)
လက်ဆင့်ကမ်းသတင်း( မိတ်ဆွေများ၊ အိမ်နီးချင်းများ၊ ယခင်အလုပ်မှ လုပ်ဖော်ဆောင်ဖက်များ၊
ကျောင်းနေဖက်သူငယ်ချင်းများ)
2. အချက်အလက်များ ရှာဖွေစုဆောင်းခြင်းအဆင့်
ကိုယ်ရေးအချက်အလက်ပုံစံ ဘယ်လိုရေးမလဲ။
ကိုယ်ရေးအချက်အလက်ပုံစံမှာ ပါဝင်သင့်တဲ့အချက်တွေက
- cover letter
- ကိုယ်ပိုင်အခြေခံအချက်အလက်များ
- ပညာအရည်အချင်း
- လုပ်ငန်းအတွေ့အကြုံ
- ကျွမ်းကျင်မှုအရည်အသွေး
- လေ့ကျင့်သင်ကြားခဲ့ဘူးသောသင်တန်းများနှင့် အရည်အချင်း
သေသပ်လှပတဲ့ ကိုယ်ရေးအချက်အလက်ပုံစံတစ်စောင်ရဲ့ လိုအပ်တဲ့ရေးနည်းပုံစံ
ဆွဲဆောင်နိုင်စွမ်း= ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်ပုံစံဟာ ဖတ်သူကိုဆွဲဆောင်မှုရှိဖို့လိုအပ်ပါတယ်။
SEE ME!! SEE ME!!!
အပြင်ပိုင်းလှပသေသပ်မှု= ကွန်ပျူတာနဲ့ စာစီရေးသားပုံ လှပသေသပ်ခြင်း။
တိကျသောပန်းတိုင်= လုပ်ငန်းရဲ့လိုအပ်တဲ့အချက်အလက်နဲ့ ကိုက်ညီမှုရှိအောင်ရေးတတ်ခြင်း။
စာအရေးအသား= ရှင်းလင်းသေသပ်စွာရေးတတ်ခြင်း။
အကြောင်းအရာ= အကြောင်းအရာအချက်အလက်တွေဟာ တိကျမှန်ကန်ဖို့လိုအပ်ပါတယ်။
ကိုယ်ရေးအချက်အလက်ပုံစံမှာ အမြဲမြင်တွေ့နေရတဲ့ ဟာကွက်များ
- cover letter မပါခြင်း။
- ကိုယ်ရေးအကျဉ်း မရေးသားထားခြင်း။
- ရေးသားပုံရှုပ်ထွေးခြင်း။
- တိကျပြတ်သားတဲ့ လုပ်ငန်းရည်မှန်းချက် မရှိခြင်း။
- ကိုယ်ပိုင်ထူးခြားတဲ့ ကျွမ်းကျင်မှုအရည်အသွေးကို ပေါ်လွင်အောင် မရေးသားခြင်း။
- အလုပ်နဲ့ ပါဝင်လုပ်ဆောင်ခဲ့ဘူးတဲ့ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများ ရေးသားမှုမရှိခြင်း။
- ပေါ့ပျက်ပျက် ရေးသားခြင်း။
ကိုယ်ရေးအချက်အလက်ပုံစံ၌ အောက်ပါအချက်အလက်များကို ထည့်သွင်းမရေးသားသင့်ပေ။
- မိမိအား အလုပ်ရရန်မိတ်ဆက်ပြောပြသူ၏ အချက်အလက်များ
- ယခင်လုပ်ငန်းမှ လစာငွေပမာဏအကြောင်း
- မျက်နှာပေးလာစေမည့် မျော်လင့်ချက်များ
- ယခင်အလုပ်မှ နှုတ်ထွက်လာရသည့် အကြောင်းရင်း
- ကိုယ်ရေးကိုယ်တာ အကြောင်းအရာများ
- ဟာသအကြောင်းအရာများ
- ဓတ်ပုံအတုသုံးခြင်း

ရေးနည်းအဆင့်
- မိမိကိုယ်ကိုမိတ်ဆက်ခြင်း (စာကြောင်းရေ ၆ ~ ၈ ကြောင်း)
- ပညာသင်ယူခဲ့သည့်အကြောင်းအဆင့်ဆင့် (စာကြောင်းရေ ၉ ~ ၁၂ ကြောင်း)
- လုပ်ငန်းအတွေ့အကြုံများ (စာကြောင်းရေ ၉ ~ ၁၂ ကြောင်း)
- အနာဂတ် စီမံချက်များ (စာကြောင်းရေ ၆ ~ ၈ ကြောင်း)
ကိုယ်ရေးအချက်အလက်ပုံစံကို စိတ်တိုင်းကျ ဂဃဏန ရေးပြီးသွားပြီဆိုလျှင်တော့ နောက်ဆုံးအနေနှင့် စားလုံးပေါင်းမှန်မမှန်၊ ရေးသားပုံသေသပ်လှပမှုရှိမရှိ နှင့် ဆိုလိုရာကို ထိထိမိမိရေးသားထားခြင်းရှိမရှိကို ပြန်ပြီးစစ်ဆေးဖို့လည်း သတိပေးပါရစေ။
၃။ လူတွေ့စစ်ဆေးခြင်းအဆင့်
လူတွေ့စစ်ဆေးခြင်းအဆင့် မတိုင်ခင်ကြိုတင်ပြင်ဆင်ခြင်း
- မိမိသွားရောက်လျှောက်လွှာတင်မည့် လုပ်ငန်းနှင့်ပတ်သက်၍တတ်နိုင်သမျှ လေ့လာထားပါလေ။
- လုပ်ငန်းရဲ့စံကို သိရှိနားလည်ထားပါ။
- သေသပ်တဲ့ဝတ်စုံနဲ့ လိုအပ်တဲ့အသုံးပြုမည့် စာေ၇းကိရိယာများကို ကြိုတင်ပြင်ဆင်ပါ။
- လူတွေ့စစ်ဆေးခြင်းနဲ့ သက်ဆိုင်တဲ့ အမေးအဖြေများကိုလည်း ကြိုတင်လေ့လာထားပါ။
- လုပ်ငန်းတည်နေရာနဲ့ ဘယ်လိုသွားမယ်၊ အချိန်ဘယ်လောက်ကုန်မယ်ဆိုတာတွေကိုလည်း ကြိုတင်တွက်ချက် စီစဉ်ထားပါ။
- လန်းဆန်းတက်ကြွနေဖို့ အိမ်ရေးဝဝအိပ်ပါ။ မိမိကိုယ်ကို ယုံကြည်မှုရှိပါ။
လူတွေ့စစ်ဆေးတဲ့နေ့မှာ ဘယ်လိုဝတ်ဆင်သွားမလဲ(၁)
- ဒီလူတွေ့စစ်ဆေးခြင်းဟာ မိမိအတွက်အရမ်းကိုမျော်လင့်ထားတဲ့ အခွင့်အရေးဖြစ်တဲ့အတွက် အလှပဆုံးအသေသပ်ဆုံး ဖြစ်နေအောင် အကောင်းဆုံးပြင်ဆင်ထားသင့်ပါတယ်။ ဒါမှလည်း တဖက်လူရဲ့ ကောင်းတဲ့ထင်မြင်ချက်ကို အရယူနိုင်ပါလိမ့်မယ်။
- လုပ်ငန်းရဲ့စံကို လေးစားလိုက်နာပါ။
- တစ်ယောက်နဲ့တစ်ယောက် မရင်းနှီးသေးတဲ့အတွက် တဖက်လူရဲ့အမှတ်ကောင်းကိုရယူဖို့ အပြင်ပိုင်းသေသပ်လှပမှုနဲ့ဆွဲဆောင်ရတာ ပိုပြီးသာပါတယ်။
ဘယ်လိုဝတ်ဆင်သွားမလဲ(၂)
- လုပ်ငန်းနဲ့ သင့်တော်မယ့် ဝတ်စုံဖြစ်ဖို့လိုသလို၊ သန့်ရှင်းသေသပ်ဖို့က ပိုအဓိကကျပါတယ်။( ဂွင်းထိုးဖိနပ်၊ တိုနံ့နံ့ စကပ် ဘောင်းဘီ၊ စွပ်ကျယ်တွေနဲ့ လုံးဝမသင့်တော်ပါဘူး)
- ဆံပင်ကို သေသေသပ်သပ်ဖီးလိမ်းသွားပါ။ ယောကျာ်းလေးဆိုလျှင် နှာခေါင်းမွှေးများ ရှင်းလင်းသွားပါ။
- နွေရာသီကာလဆိုလျှင် ချွေးထွက်တတ်သူအတွက် ချွေးသုတ်ရန် ယူဆောင်စရာများ ပြင်ဆင်ထားပါ။
- တဖက်လူကိုလေးစားရာရောက်အောင် ကိုယ်နံ့၊ ပါးစပ်နံ့ ထွက်မနေဖို့လည်း ဂရုစိုက်သင့်ပါတယ်။
- အမျိုးသမီးများဆိုလျှင် သင့်တော်ရုံ မိတ်ကပ်ပြင်ဆင်လိမ်းခြယ်သွားပါ။ ရနံ့စူးရှလွန်းတဲ့ရေမွှေး ဆွတ်မသွားပါနဲ့။
- သာမှန်ပြင်ဆင်လိမ်းခြယ်သွားလျှင် လုံလောက်ပါပြီ။ သိပ်ပြီးလွန်ကဲလွန်းခြင်းမဖြစ်ပါစေနဲ့။
- မျက်နှာမှာ အပြုံးပန်းခြယ်မှုန်းသွားခြင်းကသာ အလှဆုံးပြင်ဆင်ခြင်းတစ်ခုပါ။
^_^
လူတွေ့စစ်ဆေးခြင်းနေ့
- အပြင်ပန်း ခန္ဓာအလှအတွက် သန့်ရှင်းသပ်ရပ်ပါ။
- မျက်နှာက အမြဲအပြုံးဆောင်ထားပါ။
- ခံတွင်းသန့်ရှင်းမှုရှိပါ။
- ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။
- မာနထောင်လွှားမှုမရှိပါနဲ့။ အလုပ်ကိုလေးစားပါ။
- မေးခွန်းကို ဂရုတစိုက်နားထောင်ပါ။
- စစ်ဆေးမေးမြန်းသူအတွက် သက်တောင့်သက်တာခံစားမှုမျိုးရှိပါစေ။
- ကိုယ်တိုင်တက်ကြွစွာနဲ့ စတင်လုပ်ဆောင်တတ်ပါ။ လုပ်ဆောင်မှုတိုင်းမှာ အမှတ်ရအောင် အမိအရရှိပါစေ။
လူတွေ့စစ်ဆေးခြင်းနေ့၌ ဂရုစိုက်သင့်သည့်အရာများ
- နောက်ကျခြင်း။
- အပြုအမူများး ယဉ်ကျေးသိမ်မွေ့ပါ။
- ဖီးလိမ်းပြင်ဆင်သွားခြင်းများက စူးရှတောက်ပမနေပါစေနဲ့။
- ယခင်အလုပ်မှ လုပ်ငန်းရှင်နဲ့ လုပ်ငန်းအကြောင်းများကို ဝေဖန်ခြင်း ဆင်ခြင်ပါ။
- နိုင်ငံရေးအကြောင်းပြောခြင်း။
- စကားရှေ့နောက်မညီခြင်း။
- မိမိအိမ်အခြေအနေများကို အကြွားသန်ပြောကြားခြင်း။
လူတွေ့စစ်ဆေးခြင်း၌ အများဆုံးမေးလေ့ရှိသော မေးခွန်း(၁၀)ခု
- ကျေးဇူးပြုပြီး ၃မိနစ်ကိုယ့်ကိုယ်ကို မိတ်ဆက်ပါ။
- ယခင်အလုပ်အကိုင်နှင့် အလုပ်မှထွက်လာခဲ့ရတဲ့ အကြောင်းအရင်း။
- ဘယ်လိုကြောင့် ယခုအလုပ်သို့ လာရောက်လျှောက်ဖြစ်သွားရတာလဲ။
- ဘာကြောင့် ယခုလာလျှောက်တဲ့ လုပ်ငန်းကို ရွေးချယ်ရတာလဲ။
- လုပ်ငန်းနဲ့ ပတ်သက်ပြီး ဘာတွေမျော်မှန်းထားပါသလဲ။
- သင့်မှာ ဘာအားသာချက်နဲ့ အားနည်းချက်တွေရှိလဲ။ ယခုလုပ်ငန်းအတွက် ဘာတွေလုပ်ဆောင်ပေးနိုင်ပါသလဲ။
- အလုပ်အချိန်ပိုဆင်းခြင်း၊ အလှည့်ကျလုပ်ဆောင်ရခြင်းမျိုးလုပ်ဆောင်နိုင်ပါသလား။
- ဘယ်လိုမျိုးဝါသနာရှိပါလဲ။
- လစာငွေကို အနည်းဆုံးဘယ်လောက်မျော်မှန်းထားပါသလဲ။
- ဒီထက်ပိုပြီး သိရှိလိုတဲ့အကြောင်းအရာများ မေးမြန်းဖို့ ရှိပါသလား။
4.ဆက်လက်လုပ်ဆောင်ခြင်းအဆင့်
- သွားရောက်လျှောက်တဲ့ လုပ်ငန်းသို့ ကျေးဇူးတင်စကားဆိုပါ။
- လူရွေးချယ်ခြင်းအဖြေကို ဘယ်အချိန်သိနိုင်မလဲ မေးပါ။
- ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကို တောင်းထားပါ။ မေးပါ။
- ယခုတစ်ကြိမ်မှာ ရွေးချယ်ခြင်းမခံရလျှင် စိတ်ဓတ်မကျပါနဲ့။ လုပ်ငန်းရဲ့နောက်တစ်ကြိမ်လူရွေးချယ်မယ့်အကြောင်း သတင်းအချက်အလက်တွေကို ဆက်လက်ရယူပါ။ မိမိကိုယ်ကိုအားပေးပါ။ နောက်တစ်ကြိမ်အခွင့်အရေးဟာ သင့်ဆီသို့ရောက်လာပါလိမ့်မယ်။
နိဂုံးချုပ်
- မိမိနဲ့ အသင့်တော်ဆုံးလုပ်ငန်းကိုသာ ရွေးချယ်ပါ။
- သင်ရွေးချယ်တဲ့ လုပ်ငန်းအပေါ် ချစ်မြတ်နိုးပါ။
- အလုပ်ကရရှိလာတဲ့ ရင့်ကျက်လာမှုနဲ့ အောင်မြင်မှုရလဒ်ကို နှစ်သက်ခံယူပါ။
- သတိလေးနဲ့လည်းလုပ်ဆောင်ပါ။ သတိဆိုတာ ပိုတယ်လို့ မရှိပါ။
စာဖတ်သူအပေါင်း... စိတ်တိုင်းကျ အလုပ်များရနိုင်ကြပါစေရှင်။
No comments:
Post a Comment