Pages

Sunday, May 27, 2012

Blender (or) project 3

ဘလန်ဒါ ဆိုတာကတော့  ဒီဇိုင်းပုံတွေကို ကွန်ပျူတာစနစ်နဲ့ သက်ဝင်လှုပ်ရှားအောင် ဖန်တီးရာမှာ အသုံးဝင်လှတဲ့ ဆော့ဒ်ဝဲတစ်ခုပဲဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်မကိုယ်တိုင် ဘလန်ဒါကို တီးမိခေါက်မိ အဆင့်လောက်ပဲ ရှိသေးတာမို့ ရိုးရိုးရှင်းရှင်းပဲ ပြောပြနိုင်ပါသေးတယ်။  ကျောင်းသင်ခန်းစာထဲကနေ ကိုးကားပြီး ပြောပြရမယ်ဆိုရင်တော့

  • Blender is an open-source program (i.e. free for users) used for modeling, rendering three-dimensional graphic and animations, and interactive 3D applications.

  • Blender is available for several operating systems, including FreeBSD, IRIX, GNU/Linux, Microsoft Windows, Mac OS X, Solaris, SkyOS, and MophOS.

  • The famous movie Spider-Man 2 uses Blender to be the main special efficacy tool.



အားလုံးသိထားတဲ့အတိုင်း ပုံဆွဲဆောဒ့်ဝဲတွေဆိုတာက ဆောဒ်ဝဲရဲ့အသုံးဝင်ပုံ၊ အသုံးပြုပုံတွေကို သိထားရုံမျှနဲ့ ပွဲမတိုးနိုင်ပါဘူး။ ကိုယ်တိုင်ကိုယ်ကျ အချိန်ပေးပြီး ထဲထဲဝင်ဝင်လေ့လာ၊ လေ့ကျင့်မှသာ ကိုယ်ပိုင်တတ်မြောက်မှုသို့ အောင်ပွဲခံနိုင်မှာပါ။

ကျွန်မတို့ engineering graphic ဘာသာရပ်အတွက် ဘလန်ဒါ ဒီဇိုင်းဆောဒ်ဝဲကို စလုံးရေစသင်ယူပြီးတဲ့နောက် ဆရာက ကျောင်းသားတွေကို (၁-၃)ယောက်တစ်စု အဖွဲ့ခွဲပြီး (၁၀-၁၅)စက္ကန့် အတွင်းပြသနိုင်တဲ့ ဗီဒီရိုကလစ် ပရော့ဂျက်လုပ်ခိုင်းပါတယ်။ကျွန်မတို့အဖွဲ့ရဲ့ အိမ်စာပရော့ဂျက်ကို အောက်မှာ ဝေမျှလိုက်ပါတယ်။ တကယ်အားထည့်ထားတဲ့သူတွေကတော့ ကျွန်မရဲ့သူငယ်ချင်း Chen-Yu Lin (林陳佑)နဲ့ Kuei-Po Zhang (張貴博) ပဲဖြစ်ပါတယ်။ ကျွန်မကတော့ နှမ်းဖြူးတဲ့ အဆင့်ပေါ့ရှင်။ ဘယ်လိုပဲဖြစ်ဖြစ် သူငယ်ချင်းနှစ်ယောက်ဆီက ပညာတွေရလိုက်ပါတယ်။ ဒါကအမြတ်ပဲပေါ့ ။ဟုတ်တယ်မလား။ အခွင့်ကြုံတဲ့ အချိန်များမှာတော့ ဘလန်ဒါနဲ့ ပိုပြီးရင်းနီးအောင် လေ့လာဖို့ အားခဲထားပါတယ်။


Engineering Graphics - Project 3


Title: From Waffle to Civil: An Fantastic Journey

In this project we divide the whole work into two parts: model sketching and animation processing. At first we thought that we HAVE TO make two buildings by ourselves, so besides the NTU Waffle house we've already made for last project , we also sketched the CERB from AutoCAD to 3D model. Not until last week did we know that we can directly download 3D models from the Internet orz. Anyway I think it is still good for us to draw another one to be more deft to SketchUp skills.




The followings are step-by-step process of our blender work with some photos:
i. We imported the Waffle house but failed because lost too many pieces, so we downloaded a cabin like the Waffle and imported it in as the first building, which the man started to walk from.
ii. Then we drew the second building - CERB from AutoCAD and imported it into blender. Although it lost some details but it was OK so we were glad that it could be used. The CERB build is the second building, which the man's goal.
iii. So one man will walk from Waffle house to CERB, and this is our object purpose as listed on the project 3 sheet.
iv. We downloaded a man from the Internet and use blender to make it "walk" by waving his hands and foot moving. Here we use the "parent" function. In order to make the man move more smoothly, we take the body as the parent and other parts as children. Also we set lap as parent and leg as child and so on. So the man's movements are all connected.
v. Now we got the man, we got the buildings and we are going to make it move. Here we applied the "following path" function. We first make a curve from the door of cabin to the entrance of CERB. Then we use the following path function to connect the man onto the path.
The curve line on the top view of whole area is the "path"
vi. At the beginning the total frame was 800 and the cycle of walking is 250, and we thought the relationship between them is not reasonable. Thus we adjusted the frame proportion so that it looks more like "walking" instead of "sliding" XD Check this out on the movie !
vii. We put two cameras -- one on the man's eye position which moves as the man moves, another one around the man, and it has it own path. The second camera is to simulate the BOSS who is watching the man.
viii. After we finished the major work, we tried to make the whole scene more beautiful. Hence we downloaded some buildings and objects to decorate the whole area.
ix. We changed the color of some buildings appropriately and draw wires between two power towers.
x. RENDER TIME!!!! We rendered the movies 5 times before it is well adjusted. Every time took about 1 to 1.5 hour.
xi. We used Movie Maker to compress the movie and add music. (Note that two movies use different music to represent different kind of view.)
 
 
 Final Results










ကျေးဇူးတင်ပါတယ် ...း)

Monday, May 21, 2012

ပန်းခင်းလမ်း

ပန်းကလေးတွေကို ကျွန်မချစ်တယ်။ အရောင်သွေးစုံညီစွာနဲ့ သူ့ထက်ငါ လှသွေးကြွယ်နေကြတဲ့ ပန်းတွေပွင့်ဖူးရာ နေရာလေးတွေဆီကို ခြေလှမ်းဆန့်ရတာလည်း ကြိုက်တယ်။
အားလပ်ရက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ချုယ်ရီပန်းတွေပွင့်ဖူးရာ Yang Ming တောင်တန်းပေါ်မှာရှိတဲ့ Yang Ming Park သို့ သွားလည်ခဲ့ဖူးတာကို အမှတ်ရနေဆဲပါ။

နေသာတဲ့ စနေနေ့ တစ်နေ့မှာပေါ့
ချယ်ရီပန်းတို့ ပွင့်ဖူးရာ အဲဒီတောင်ကိုသွားဖို့ bus ကားဂိတ်မှာ လူတွေကြိတ်ကြိတ်တိုး တန်းစီခဲ့ရသေးတယ်။တောင်ခြေတစ်လျှောက်ကစလို့ ပန်းသွေးကြွယ်နေတဲ့ ချယ်ရီပန်းပင်ဖွေးဖွေးတွေကို တွေ့မြင်နေရတယ်။ လူတွေကလည်း ဟိုတစ်စုဒီတစ်စုနဲ့ ပန်းကလေးတွေရဲ့အလှကို ခံစားနေကြလေရဲ့။ “ချယ်ရီပန်းလေးတွေရေ... မင်းတို့တွေ သိပ်လှတာပဲ” ...


Click to play this Smilebox scrapbook
Create your own scrapbook - Powered by Smilebox
Scrapbook customized with Smilebox





ချယ်ရီပန်းလေးတွေကို နှုတ်ဆက်ပြီးတော့ ဟိုင်ယွိလို့ခေါ်တဲ့ အဖြူရောင်ပိန်းပန်းလေးတွေရှိရာနေရာကို သွားခဲ့ကြပါတယ်။ ချယ်ရီပန်းတွေပွင့်တဲ့ ရန်မင်တောင်ကနေတစ်ဆင့် ဟိုင်ယွိတွေ ပွင့်ဖူးရာ ကြူးကျိဟူနေရာသို့  ဘတ်စ်ကားစီးပြီး သွားခဲ့ကြတာပါ။

ဟိုင်ယွိခြံတွေက ဟိုတစ်စုဒီတစ်စုနဲ့ အလှခြင်းပြိုင်နေကြတယ်။ ကျွန်မတို့သွားခဲ့တဲ့ ခြံကတော့ ဝင်ခ(၁၀၀)ပေးရပါတယ်။ ဝင်ခ၁၀၀ ဆိုတာ ခြံထဲမှာ ဟိုင်ယွိတွေကို (၁)ပွင့်(၁၀)နှုန်းနဲ့ (၁၀)ပွင့် ကိုယ်တိုင်ကိုယ်ကျခူးခွင့်ရပါတယ်။

သန့်ရှင်းလန့်ဆတ်တဲ့ လေတွေကို ရှုရှိုက်လို့ရတဲ့ ဒီလိုမြို့ပြင်နေရာလေးတွေကို ခြေလှမ်းဆန့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ ပန်းခင်းလမ်းတွေကြားထဲမှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ခြေလှမ်းတွေကို ကနုကရွ လျှောက်လှမ်းရတာ၊ တောင်ပြာတန်းကြီးတွေကြား ပန်းလေးတွေရဲ့ မခို့တရို့ အလှတွေကို ခံစားကြည့်ရှုရတာကိုက ရင်ကိုအေးမြစေတာပါ။




Click to play this Smilebox slideshow









 

Create your own slideshow - Powered by Smilebox
Customize a free digital slideshow

နင့်ကိုသတိရလွန်းလို့ပါ

သူငယ်ချင်းရေ
ဒီည
ငါလေ
နင့်ကို သတိရလွန်းလို့
သီချင်းတွေ မူးနေအောင် နားထောင်ပြစ်လိုက်တယ်...

သူငယ်ချင်းရေ
ဒီည
ငါလေ
နင့်ကို သတိရလွန်းလို့
သီချင်းတွေ စူးနေအောင် ဆိုပြစ်လိုက်တယ်...

အရင်လို
ငါ့အနားမှာ
ရင်ကိုထိတဲ့ သီချင်းအသစ်တွေပေါ်တိုင်း ဆိုပြတတ်တဲ့
နင့်ကို သတိရလွန်းလို့ပါ
နင့်ကို သတိရလွန်းလို့ပါဟာ...

Sunday, May 13, 2012

ကောင်းကင်တမန်၏ တန်ခိုးရှိသောလက်

ည။
တိတ်ဆိတ်တဲ့ည။
ရင်ကို ခုန်စေတဲ့၊ ကြည်နူးစေတဲ့ည။
ရသဓတ်ရောင်များဖြင့်  စီကုန်းထားသော စာလုံးများရဲ့ဆွဲခေါ်ရာနောက်ကို လွင့်မျောလိုက်ပါသွားနေရတဲ့ည။
ဒီလိုညမျိုးကို ကျွန်မသိပ်ချစ်ပါသည်။



ဖယောင်းတိုင် မီးရောင်ပြပြက ကျွန်မကို ထွေးပွေ့ထားပြန်သည်။ ထို့ပြင် ကျွန်မချစ်ရတဲ့ စာအုပ်များကပေးတဲ့ အနမ်းများကိုလည်း တသိမ့်သိမ့်ဆွတ်ခူးနေရတဲ့ည။ ဒီလိုညမျိုးကို အိပ်ပြစ်လိုက်ဖို့ ကျွန်မ နှမျောနေမိတတ်သည်။


“သမီး အိပ်တော့လေ...”

စာကျက်သည်ဟုဆိုကာ ဖယောင်းတိုင်မီးထွန်းပြီး အိပ်ပျော်သွားမည့် မြေးဖြစ်သူရဲ့အဖြစ်ကို စိုးရိမ်တတ်သည့် တဖက်ခန်းမှ အဖွားက  ကျွန်မအား လှမ်း၍ သတိပေးတတ်သည်။

"အင်၊ အင်... သမီးစာကြည့်နေတာပါ အိပ်မပျော်ပါဘူး”

သို့သော် တခါတရံတွင်တော့ အဖွားစိုးရိမ်သလို ဖယောင်းတိုင်မီးရောင်အောက်၌ စာအုပ်ဖတ်ရင်း မိုက်ကနဲ အိပ်ပျော်သွားတတ်ပါသည်။



၁င၁င၁င



“ဝုန်း၊ ဒိုင်း၊ ခလောင်း”

အသံလှိုင်းများက တိတ်ဆိတ်နေသည့် ညယံကို  ဖြိုခွင်းလှုပ်ခတ်လိုက်သည်။
ကျွန်မခန္ဓာကိုယ်တစ်ခုလုံးလည်း ထိုအသံများနှင့်အတူ တစ်စုံတစ်ယောက်က အားနှင့်တွန်းထုတ်လိုက်သည့်အလား  အဝေးသို့ လွှင့်စင်ကျသွားသည်။ သို့သော် အိပ်တဝက် နိုးတဝက်နှင့် အသိအာရုံက တဝှဲလည်လည် ရှိနေဆဲ။

“ဝုတ၊် ဝုတ်၊ ဝုတ်”
ခွေးဟောင်သံက ဆက်တိုက် ထွက်ပေါ်လာပြန်သည်။ ထို့နောက်

“ဝေါ..ဝူး...”

ဆိုင်ကယ်စက်နိုးသံ၊ အရှိန်နှင့်မောင်းထွက်သွားသံများက ခွေးဟောင်သံကို ဖုံးလွမ်းသွားတော့သည်။

“ဟဲ့ သူဟာသူနေနေတဲ့ ခွေးကိုခဲနဲ့ မပေါက်နဲ့လေ၊ ဘယ်ကကောင်တွေ လက်ကမြင်းကျောထနေကြတာလဲ”
စကားကို ဖွင်းဖွင်းရှင်းရှင်းပြောတတ်တဲ့ အဖွားရဲ့အသံကြောင့် နိုးတဝက်ဖြစ်နေရာမှ  ကောက်ကနဲထထိုင်မိတော့သည်။




မှိုင်းပြပြမီးရောင်အောက်၌ မှုန်ဝါးဝါး မျက်လုံးများကို စူးရှသွားစေသည့် အရာများကတော့ စိန်ပွင့်များအလား တလက်လက်ပြူးထနေသည့် ပြတင်းကွဲ မှန်စများပင်။ ပြတင်းပေါက်စွန်းနှင့် ခုတင်၏ဘယ်ဘက်ခြမ်းအပိုင်းက တတန်းတည်းဖြစ်ပါသည်။ ပြတင်းကွဲအပိုင်းအစများက ခုတင်ဘယ်ဘက်ခြမ်း ခေါင်းအုံးပေါ်၌ မွစာကြဲလျက်ရှိနေတော့သည်။

“အဖွားရေ အဖွားလုပ်ပါအုံး၊ ခွေးကိုခဲနဲ့ပေါက်တာမဟုတ်ဘူး။ သမီးအခန်းရဲ့ ပြတင်းပေါက်ကို ခဲနဲ့ပေါက်သွားတာ”

ကျွန်မရဲ့ အလန့်တကြား အော်သံများကြောင့် တအိမ်လုံး နိုးထလာပါသည်။ အမေနှင့် အဖေသည်လည်း အိမ်အပေါ်ထပ်မှ စိုးရိမ်တကြီးနှင့် ပြေးလာကြသည်။

“သမီး ဘာဖြစ်သွားသေးလဲ”

အမေက ရေအေးတခွက် လှမ်းပေးကာ ကျွန်မကို ထွေးပွေ့ထားလိုက်သည်။

“သမီး..သမီးဘာမှမဖြစ်ပါဘူး”

ဘာမှအဖြစ်ပါဘူးဟုဆိုလိုက်သည့် စကားလှိုင်းသံများကြား တဒိတ်ဒိတ် ရင်ခုန်သံ  စည်းချက်လိုက်သံများက ပိုညံနေသရောင်။




၁င၁င၁င




"ဒီကောင်တွေ တော်တော်ဆိုးတာပဲ"

 အဖေက အိမ်အပြင်ထွက်ပြီး အခြေအနေသွားကြည့်ရာမှ ပြန်လာ၍ ပြောလိုက်ခြင်းဖြစ်သည်။

“ဘုရားသခင်ကွယ်ကာလို့ သမီးဘာမှဖြစ်မသွားတာ ကျေးဇူးတော်ချီးမွမ်းရမယ်”

အမေ့အပြောကို ကျွန်မခေါင်းညိတ်ထောက်ခံလိုက်သည်။ထို့နောက်

“ဟုတ်တယ်အမေ၊ အမေသိရဲ့လား...သမီးအိပ်ခါစက ခုတင်ရဲ့ဘယ်ဘက်ခြမ်းအပိုင်းမှာအိပ်တာ။ ခုမှန်ကွဲစတွေရှိနေတဲ့ ခေါင်းအုံးပေါ်မှာပဲ စာအုပ်ဖတ်ရင်း ခဏလှဲရာက အိပ်ပျော်သွားတာ”

ကြောက်လန့်မှုများမှ အနည်းငယ်အနည်ထိုင်စ ပြုလာပြီမို့ ကျွန်မမှာ ဖြစ်စဉ်များကို အိမ်သားများအား ခရားရေလွတ်ပြောပြတော့သည်။ စားပွဲပေါ်၌ တင်ထားသည့် လက်တစ်ဆစ်လောက်ကျန်နေသေးသည့် ဖရောင်းတိုင်က ကျွန်မပြောသမျှကို ထောက်ခံသည့်အလား။



“သိပ်အံ့သြဖို့ကောင်းတာကလေ...ခဲပေါက်သံ၊ ဆိုင်ကယ်မောင်းပြီး ထွက်သွားတဲ့ အသံတွေကြားလို့ သမီးလန့်နိုးလာတော့ ခုတင်ညာဘက်ရဲ့ ခြေရင်းနားမှာ ကွေးကွေးလေး မှောက်လျက်ဖြစ်နေတာ။ သမီးကို တစ်ယောက်ယောက်က အားနဲ့တွန်းထုတ်လိုက်သလိုပဲ။ သမီးအိပ်ရင် ခုလို ခုတင်တခြားတဘက်ရောက်အောင် နေရာရွှေ့တတ်တာလည်းမဟုတ်ဘူး။ အဲတာဘယ်လိုကဘယ်လို အဲဒီဘက်ရောက်သွားလဲ စဉ်းစားလို့မရဘူး”

“ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေက သမီးကို ကွယ်ကာပေးလိုက်တာပေါ့”

အမေက မှန်ကွဲစများကို ရှင်းပေးနေရင်း ကျွန်မကို ပြောလိုက်သည်။ ခေါင်းအုံးပေါ်မှ မှန်ကွဲစများရှင်းလင်းသွားပေမယ့် ကျွန်မခေါင်းထဲမှာတော့ အတွေးစများက စတင်ဖြန့်ကျဲလို့နေပေပြီ။



ကျောင်း၌ စည်းကမ်းတင်းကျပ်တိကျလှသော အဖေ့ကို ကျောင်းသားဆိုးတစ်ချို့ချောင်း၍ခဲနှင့်လာပေါက်ခြင်းဖြစ်မည်ဟု ကျွန်မတို့ ယူဆလိုက်ကြပါသည်။ ထိုသို့လာပေါက်ရန် မည်သည့်အချိန်ကတည်းက ညညရောက်လျှင် အိမ်အပြင်၌ လာချောင်းနေသည် မသိပါ။ နောက်မှကျွန်မရေးရေးလေး ပြန်ကြားရောင်လာမိသည်။ ညနက်သည်အထိဖရောင်းတိုင်မီးထွန်း၍ စာကြည့်နေစဉ် တခါတရံ ညများ၌ဆိုင်ကယ်မောင်းထွက်သွားသံများ ဗြုန်းစားကြီး  ကြားမိတတ်သည်။ လမ်းသွားလမ်းလာများ၏ သမားရိုးကျ ဆိုင်ကယ်တွန်းလာရာမှ  မောင်းထွက်သွားခြင်းဖြစ်မည်ဟု ကျွန်မ ရိုးရှင်းစွာ တွေးထင်ခဲ့မိသည်။ ခဲပေါက်ရန် ကြံစည်နေသူများက မီးလင်းနေသည့် ကျွန်မ၏ အခန်းကို အဖေအခန်းဖြစ်မည်ဟု ယူဆ၍ လက်စွမ်းပြသွားကြခြင်းဖြစ်ပေသည်။


မည်ကဲ့သို့ဖြစ်ပါလေစေ ကောင်းကင်တမန်၏ တန်ခိုးရှိသောလက်တစ်စုံ၏ ကွယ်ကာပေးမှုကြောင့်ကျွန်မကတော့အန္တရယ်ကြားမှ လွတ်မြောက်ခဲ့ရပါပြီ။ ညစဉ်မိသားစုဆုတောင်းဝိုင်းလေးမှ ရွတ်ဖတ်သော ကျမ်းချက်များမှာ ကျွန်မတို့ဘဝထဲ၌ သက်ဝင်လှုပ်ရှားနေကြောင်း ဤညအဖြစ်လေးအားဖြစ်သိလိုက်ရပါသည်။

 ၁၂၁ခုမြောက်သောဆာလံကျမ်း၃-၅
သင်၏ ခြေကို ချော်စေခြင်းငှါ အခွင့်ပေးတော်မမူ၊၊ သင့်ကို စောင့်သောသူသည် အိပ်တော်မမူ၊၊
 အကယ် စင်စစ် ဣသရေလအမျိုးကို စောင့်သောသူသည် ငိုက်မျည်းအိပ်ပျော်ခြင်း ရှိတော်မမူ၊၊
 ထာဝရဘုရား သည် သင့်ကို စောင့်တော်မူ၏၊၊ ထာဝရဘုရားသည် သင်၏ လက်ျာဘက်၌ရှိသော သင်ခိုလှုံရာအရိပ် ဖြစ်တော်မူ၏။
၉၁ခုမြောက်သောဆာလံကျမ်း၅-၆
  ညဥ့်အခါ ဖြစ်တတ်သော ဘေးကို၎င်း၊ နေ့အချိန်၌ ပစ်သောမြားကို၎င်း၊
မှောင်မိုက် ထဲမှာ လည်သော ကာလနာကို၎င်း၊ မွန်းတည့်အချိန်၌ ဖျက်ဆီးတတ်သော ဥပဒ်ကို၎င်း၊ သင်သည် မကြောက်ရ။ 



 
၉၁ခုမြောက်သောဆာလံကျမ်း၁၁-၁၂
သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေခြင်းငှာ၊ ကောင်းကင်တမန်တို့အား သင့်အဘို့ မှာထားတော်မူသည်ဖြစ်၍၊ သင်၏ခြေကို ကျောက်နှင့် မထိမခိုက်စေခြင်းငှာ၊ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်။


အမေကျက်ခိုင်းခဲ့သော ကျမ်းချက်လေးများက ညနက်နက်၌ သက်ဝင်ကာ လက်တွေ့ဇတ်လမ်းတစ်ပုဒ် အသွင်ပြောင်းခဲ့ပေပြီ။ ဒံယေလကို ခြင်္သေင့်္တွင်းထဲမှ လွတ်မြောက်အောင် ခြင်္သေင့်္များ၏ ပါးစပ်ကို ပိတ်ပေးခဲ့သောကောင်းကင်တမန်များသည် ဘုရားသခင်ကို ယုံကြည်အားကိုးသူများအား အမှန်တကယ်ပင် အန္တရယ်များကြားမှ ကွယ်ကာပေးနိုင်ကြောင်း လက်တွေ့သိမြင်ခဲ့ရပါပြီ။ 

အကြောင်းနှင့် အကျိုးဆက်စပ်လို့မရသည့်အဖြစ်ဟု ကျွန်မကို မည်သူပြောနိုင်မည်နည်း။ မျက်နှာပေါ်သို့ ကျလာမည့် မှန်ကွဲစများ၏ဘေးမှ ကျွန်မကတော့ လွတ်မြောက်ခဲ့ပေပြီ။ ကောင်းကင်တမန်၏ တန်ခိုးရှိသောလက်တစ်စုံက ကျွန်မအနား၌ ကွယ်ကာပေးရန် အဆင့်သင့်ရှိနေကြသည်။ ထို့ကြောင့် ကျွန်မဘာကို ကြောက်ရအုံးမည်နည်း။

မကြာခင် ရောင်နီလင်းတော့မည်။ ဤညအဖြစ်အပျက်ကို မနက်ရောက်လျှင် သူငယ်ချင်းများအား ပြန်၍သက်သေခံရန် ကျွန်မစိတ်လောကြီးနေမိတော့သည်။

Tuesday, May 1, 2012

လိုတရ

“ဆရာမ၊ ဒါ..ဒီလအတွက် လခပါ ”

အဒေါ်ကြီးက ပိုက်ဆံထည့်ထားသည့် စာအိတ်ကို ကျွန်မအားပေး၍ ပြောလိုက်ခြင်းဖြစ်သည်။

“ကျေးဇူးတင်ပါတယ်ရှင်”

ထို့နောက်ဆက်၍

" သြော်ဒါနဲ့ ဆရာမကို ပြောရအုံးမယ်။ ကျွန်မတို့လင်မယား နောက်အပတ်ခရီးထွက်စရာလေးရှိလို့ နောက်အပတ်ကစပြီး ကလေးတွေရဲ့ စန္ဒရားသင်တာကို တစ်လလောက်တော့ နားထားချင်တယ် "

“ဟုတ်ကဲ့ ရပါတယ်”

ကျွန်မသည် အားလပ်သည့်အချိန်များ၌ စန္ဒရားသင်ချင်သော ကလေးများအိမ်သို့ သွား၍ သင်ပေးခြင်းဖြစ်သည်။ လကုန်၍ လက်ထဲပိုက်ဆံဝင်လာပြီဖြစ်၍ အပြန်လမ်း၌ ပျော်နေမိပါသည်။ အိမ်ပြန်ရောက်၍ စာအိတ်ကို ဖွင့်ကြည့်လိုက်စဉ်

“အို..."

စာအိတ်ထဲက ပိုက်ဆံများက ကျွန်မကို မျက်လုံးပြူးသွားစေပါသည်။

“ လခက နှစ်လစာတောင် ဖြစ်နေပါလား။ မှားပြီးပိုပေးမိတာလား ဒါမှမဟုတ် စေတနာပိုလို့ ငါကိုများ ပိုပေးထားတာများလား။ အို.. မဟုတ်သေးပါဘူး။ ပိုတယ်ဆိုလည်း တစ်လစာလခတန်ဖိုး ကွက်တိ ပိုပေးပါ့မလား...”

သို့လော၊ သို့လော နှင့် နောက်ဆုံးတော့ ပိုသည့်ငွေများကို ပြန်သွားပေးရန် ကျွန်မဆုံးဖြတ်လိုက်ပါသည်။ နောက်တစ်လ စန္ဒရားပြန်သွားသင်မှ ပြန်ပေးလိုက်တော့မယ်လေ။ အရေးကြီးတာလဲမဟုတ်ဘူး။ အိုမဟုတ်သေးပါဘူး၊ ပိုက်ဆံဆိုတော့ အမြန်ဆုံးသွားပေးလိုက်တာပဲကောင်းပါတယ်။

နောက်တစ်ပတ်အတွင်း ပြန်သွားပေးရန် ကျွန်မဆုံးဖြတ်လိုက်ပါသည်။


~~~~~


“တီ..တီ..တီ”

အိမ်ဝန်းတံခါးခေါင်းလောင်းလေးကို အဆက်အပြတ်နှိပ်သော်လည်း အချိန်တော်တော်ကြာသည်အထိ လူအရိပ်အရောင်မျှမတွေ့ရပါ။ သို့နှင့် လှည့်ပြန်တော့မည်လုပ်စဉ်

“အို ဆရာမပါလား”

အမောတကောနှင့် ပြေးလာသော အဖွားကိုတွေ့လိုက်ရသည်။

“အိမ်မှာကလေးအမေနဲ့အဖေမရှိကြဘူးကွဲ့၊ ခရီးထွက်သွားကြတယ်။ အဖွားနဲ့ကလေးတွေပဲ ရှိကြတယ်”

“ဟုတ်ကဲ့ပါ အဖွား။ အဒေါ် ဟိုတစ်ပတ်က ပေးလိုက်တဲ့ စန္ဒရားလခပိုက်ဆံတွေက ပိုနေလို့ ကျွန်မပြန်လာပေးတာပါ။ အဖွားပဲ လက်ခံထားပေးလိုက်ပါနော်”

“ဟုတ်ပါပြီ ဆရာမ။ ကလေးတွေအမေပြန်လာရင် အဖွားပြန်ပြောပြလိုက်ပါမယ်”

အဖွားက ကျေးဇူးတင်သည်ဆိုသည့် အပြုံးဖြင့် ကျွန်မပေးသည့် စာအိတ်ကို လက်ခံထားလိုက်ပါသည်။

~~~~~



“ဆရာမ ကိုတွေ့လို့ လာနှုတ်ဆက်တာ” 

အသံလာရာဆီသို့ ကျွန်မခေါင်းမော့ လှည့်ကြည့်လိုက်တော့...
လူမှုရေးပွဲတစ်ခုသို့အသွား စန္ဒရားသင်သော ကလေး၏ အမေနှင့် တွေ့လိုက်ရခြင်းဖြစ်သည်။ သို့နှင့် ကျွန်မတို့နှစ်ယောက် စကားစမြည်ပြောဖြစ်ကြသည်။

“အဒေါ် အဝေးကနေ ဆရာမကို တွေ့လို့ လာနှုတ်ဆက်တာပါ။ အဒေါ်တို့ ဟိုတလောကမှ ခရီးကပြန်ရောက်တာ ”

“ဟုတ်ကဲ့။ သြော်ဒါနဲ့ အဒေါ်ကျွန်မကို ပေးတဲ့လခငွေက ပိုနေလို့ ကျွန်မပြန်သွားပေးလိုက်သေးတယ်”

“ဟုတ်တယ်ဆရာမရေ...အဖွားက အဒေါ်ကိုအားလုံးပြန်ပြောပြပါတယ်။ ဒီအကြောင်းပဲ ဆရာမကိုပြာပြချင်လို့ အဒေါ်လာနှုတ်ဆက်တာ”

ဘာတွေများ ထူးထူးခြားခြားပြောစရာ အကြောင်းများ ရှိနေပါလိမ့်ဟု ကျွန်မမျက်လုံးများက ကြောင်စီစီဖြစ်နေပါလိမ့်မည်။ အဒေါ်ကြီးကတော့ ကျွန်မကိုတွေ့လိုက်ရသည်ကို  အလွန်ဝမ်းသာပျော်ရွှင်နေသည့်ပုံ ပေါ်လွင်နေပါသည်။ အာဝစွမ်းရွှင်ရွှင်နှင့် ပြောနေသည်မှာ ရေပက်မဝင်တော့ပေ။


“အဒေါ်တို့ လင်မယားခရီးထွက်သွားတော့ အိမ်မှာအဖွားနဲ့ ကလေးတွေပဲ ကျန်ခဲ့ကြတာလေ။ အဲဒီမှာပဲ ဇတ်လမ်းကစတော့တာပါပဲ။ ချန်ထားပေးခဲ့တဲ့ ပိုက်ဆံတွေက ကလေးကျောင်းစရိတ်၊ စားစရိတ်တွေနဲ့  မလောက်မငှ ဖြစ်သွားတယ်။ အဒေါ်တို့လည်း တခြားမြို့ကခုမှ ပြောင်းလာကြတဲ့သူတွေဆိုတော့ အသိမိတ်ဆွေတွေလည်း မရှိကြဘူးလေ။ ဒါနဲ့ အဖွားက ပိုက်ဆံအခက်အခဲပေါ်လို့ ကလေးတွေနဲ့အတူ ဘုရားသခင်ကိုပဲ ဆုတောင်းနေကြရတယ်တဲ့။ သူတို့ရဲ့အခက်အခဲတွေကို ဘုရားသခင် ကူညီဖြေရှင်းပေးမယ်ဆိုတာ အဖွားကယုံတယ်။ သူတို့အားလုံး အဖြေကိုစောင့်နေတဲ့အချိန်မှာ ဆရာမပြန်သွားပေးခဲ့တဲ့ ငွေတွေကို လက်ခံရလိုက်တာ။ အဖွားနဲ့ ကလေးတွေ အားလုံးအံ့သြဝမ်းသာဖြစ်ခဲ့ကြရတယ်တဲ့။ အခက်အခဲရောက်နေချိန်မှာ ဘုရားသခင်ထံဆုတောင်းလို့ရတယ်ဆိုတာ ကလေးတွေ လက်တွေ့သိမြင်သွားကြရတယ်။ ဆရာမကိုလည်းကျေးဇူးတင်ပါတယ် ”


“ကျွန်မကို ကျေးဇူးတင်စရာမလိုပါဘူး။ ဘုရားက ကျွန်မကို ဒီလိုအသုံးပြုတဲ့အတွက်ပဲ ကျွန်မကဝမ်းသာလှပါပြီ”


ကျွန်မသည် အိမ်အပြန်လမ်း၌ အံ့သြဝမ်းသာမှုများ ထွေးပွေ့လာခဲ့ရပါသည်။ "သူတစ်ပါး အခက်အခဲရောက်လျှင် ကူညီပေးရသူ ဖြစ်လိုပါ၏"ဟု ဘုရားရှင်၌ ဆုပန်ခဲ့ဘူးသည်ကို ရေးရေးလေးပြန်သတိရလာပါသည်။ ထိုဆုကို ကျွန်မကိုယ်တိုင်ပင် မေ့နေခဲ့ပါပြီ။ ဘုရားသခင်ကတော့ သူ့အချိန်တန်လျှင် တောင်းဆုကိုပေးကြောင်း ကျွန်မပို၍ သိနားလည်ခဲ့ရပါသည်။ မြေးအဖွားတသိုက်လည်း အခက်အခဲများကြားထဲ၌ ဘုရားသခင်၏ ကူညီပေးနိုင်သော လက်တစ်စုံကို မြင်တွေ့ခွင့်ရသွားကြပေပြီ။
ဘုရားသခင်ထံသို့ လိုလျှင်တလိုက်သော် ရပါ၏။