ပန်းကလေးတွေကို ကျွန်မချစ်တယ်။ အရောင်သွေးစုံညီစွာနဲ့ သူ့ထက်ငါ လှသွေးကြွယ်နေကြတဲ့ ပန်းတွေပွင့်ဖူးရာ နေရာလေးတွေဆီကို ခြေလှမ်းဆန့်ရတာလည်း ကြိုက်တယ်။ အားလပ်ရက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ချုယ်ရီပန်းတွေပွင့်ဖူးရာ Yang Ming တောင်တန်းပေါ်မှာရှိတဲ့ Yang Ming Park သို့ သွားလည်ခဲ့ဖူးတာကို အမှတ်ရနေဆဲပါ။ နေသာတဲ့ စနေနေ့ တစ်နေ့မှာပေါ့ ချယ်ရီပန်းတို့ ပွင့်ဖူးရာ အဲဒီတောင်ကိုသွားဖို့ bus ကားဂိတ်မှာ လူတွေကြိတ်ကြိတ်တိုး တန်းစီခဲ့ရသေးတယ်။တောင်ခြေတစ်လျှောက်ကစလို့ ပန်းသွေးကြွယ်နေတဲ့ ချယ်ရီပန်းပင်ဖွေးဖွေးတွေကို တွေ့မြင်နေရတယ်။ လူတွေကလည်း ဟိုတစ်စုဒီတစ်စုနဲ့ ပန်းကလေးတွေရဲ့အလှကို ခံစားနေကြလေရဲ့။ “ချယ်ရီပန်းလေးတွေရေ... မင်းတို့တွေ သိပ်လှတာပဲ” ... |
Scrapbook customized with Smilebox
ချယ်ရီပန်းလေးတွေကို နှုတ်ဆက်ပြီးတော့ ဟိုင်ယွိလို့ခေါ်တဲ့ အဖြူရောင်ပိန်းပန်းလေးတွေရှိရာနေရာကို သွားခဲ့ကြပါတယ်။ ချယ်ရီပန်းတွေပွင့်တဲ့ ရန်မင်တောင်ကနေတစ်ဆင့် ဟိုင်ယွိတွေ ပွင့်ဖူးရာ ကြူးကျိဟူနေရာသို့ ဘတ်စ်ကားစီးပြီး သွားခဲ့ကြတာပါ။
ဟိုင်ယွိခြံတွေက ဟိုတစ်စုဒီတစ်စုနဲ့ အလှခြင်းပြိုင်နေကြတယ်။ ကျွန်မတို့သွားခဲ့တဲ့ ခြံကတော့ ဝင်ခ(၁၀၀)ပေးရပါတယ်။ ဝင်ခ၁၀၀ ဆိုတာ ခြံထဲမှာ ဟိုင်ယွိတွေကို (၁)ပွင့်(၁၀)နှုန်းနဲ့ (၁၀)ပွင့် ကိုယ်တိုင်ကိုယ်ကျခူးခွင့်ရပါတယ်။
သန့်ရှင်းလန့်ဆတ်တဲ့ လေတွေကို ရှုရှိုက်လို့ရတဲ့ ဒီလိုမြို့ပြင်နေရာလေးတွေကို ခြေလှမ်းဆန့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ ပန်းခင်းလမ်းတွေကြားထဲမှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ခြေလှမ်းတွေကို ကနုကရွ လျှောက်လှမ်းရတာ၊ တောင်ပြာတန်းကြီးတွေကြား ပန်းလေးတွေရဲ့ မခို့တရို့ အလှတွေကို ခံစားကြည့်ရှုရတာကိုက ရင်ကိုအေးမြစေတာပါ။
|
Customize a free digital slideshow |
လာသွားတယ်ဗျို့...။www.kotawsarpay.blogspot.com
ReplyDeleteအားရင်ဝင်ခဲ့ပေါ့နော်...။
pannainda.ashin@gmail.com
ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်။
ReplyDelete