Showing posts with label ခြေရာ. Show all posts
Showing posts with label ခြေရာ. Show all posts
Thursday, November 1, 2012
ထိန်ထိန်သာလှ ဒီလိုည
“မီးထွန်းပွဲသွားကြည့်ကြရအောင်။ ဘယ်လိုလဲ။ ကလေးတွေလည်း ဒီနှစ်မီးထွန်းပွဲကို မသွားကြည့်ရသေးဘူး”
“သွားကြတာပေါ့”
သူငယ်ချင်းအားလီရဲ့ အဆိုပြုချက်ကို ကျွန်မတို့အားလုံးသဘောတူလိုက်ကြသည်။ ကျွန်မရယ် သူငယ်ချင်းစီးလန်တို့အတွဲရယ် အချိန်ညှိကာ အားလပ်ရက်လေး၌ အားလီအိမ်သို့ ရောက်နေကြခြင်းဖြစ်သည်။ အားလီဒုတိယသားလေး မွေးဖွားပြီးသည်ကိုကြား၍ သူ့အိမ်သို့သွားလည်ခြင်နေသည့်စိတ်က ခုမှအလိုပြည်တော့သည်။ သို့နှင့် သူ့အိမ်သို့ ရောက်ခဲ့ကြသည်။ သူ့မှာလည်း ကလေးနှစ်ယောက်နှင့် အိမ်၌ချည်းအချိန်ကုန်နေရ၍ဖြစ်မည်။ ကျွန်မတို့ရောက်သည်နှင့် သူတို့မြို့လေး၌ ကျင်းပသည့် မီးထွန်းပွဲသို့ သွားလည်ကြရန် ဆိုပါတော့သည်။
ထိုင်ဝမ်နိုင်ငံ၏ဒေသတိုင်း၌ နှစ်သစ်ကိုကြိုဆိုကြရာဝယ် မီးထွန်းပွဲဆင်နွှဲသည့် ပွဲတော်ကိုလည်း တပျော်တပါး ကျင်းပကြပါသည်။ တရုတ်ရိုးရာ နှစ်အလိုက်သတ်မှတ်ထားသည့် တိရစ္ဆာန်အကောင်များကို ကိုယ်စားပြု၍ နှစ်သစ်ကို ကြိုဆိုကြခြင်းဖြစ်သည်။ ကျွန်မတို့သွားလည်သည့်နှစ်က ကျားနှစ်ဖြစ်၍ ကျားရုပ်များကို ပုံစံမျိုးစံဒီဇိုင်းထွင်၍ မီးထွန်းပွဲကို ဆင်နွှဲကြခြင်းဖြစ်သည်။ ပြပွဲ၌ ကျားရုပ်အပြင် အခြားအကောင်ကာတွန်းရုပ်များကိုလည်း တွေ့ရပါသေးသည်။ ပုံစံများကလည်းဆန်း၊ အရောင်များကလည်းလန်းနေကြသည်။ ကလေးလူကြီးပျိုပျိုအိုအိုအားလုံး ပြုံးပျော်ရွှင်လန်းနေကြသည်မှာ ကြည်နူးဖွယ်ရှိလိုက်ပါပေ။
မီးထွန်းပွဲ၌ အလယ်တန်း၊ အထက်တန်းကျောင်းအသီးသီးမှ ကိုယ်စားပြုလာရောက် ပါဝင်ပြသကြသည်ကိုတွေ့ရသည်။ ကျွန်မအထင် အလှဆုံးဒီဇိုင်းလက်ရာ ပြိုင်ပွဲများလည်း ကျင်းပပေလိမ့်မည်။ ပါဝင်ကြသည့် အဖွဲ့အစည်းအသီးသီးက မိမိတို့အရုပ်များအောက်၌ အချက်အလက်များရေးထားကြသည်ကို တွေ့ရပါသည်။ အရုပ်များမှာ မီးရောင်ဖြင့် ပို၍အသက်ဝင်နေသယောင်။ ဂေါက်ရိုက်နေသည့် ကျားရုပ်ပုံလည်းရှိသည်။ ခပ်မိုက်မိုက် မြို့ပြဒီဇိုင်းနှင့် လန်းနေသည့် ကျားပုံကတစ်မျိုး၊ သဘာဝဆန်ဆန် တောတွင်းဒီဇိုင်းနှင့် ကျားပုံကတစ်ဖုံ အမျိုးစုံလှပါသည်။
မီးထွန်းရုပ်ပြပွဲ၏ မလမ်းမကမ်း၌ မုန့်ဈေးတန်းကိုလည်း တွေ့လိုက်ရပါသည်။ သို့နှင့်တဖွဲ့လုံး ဈေးတန်းသို့သွားကာ ရေခဲမုန့်ဝယ်စားလိုက်ကြသေးသည်။ အားလီ၏သမီးကြီးက ကလေးပီပီ မုန့်လည်းစားရ အရုပ်များလည်းကြည့်ရ၍ ပျော်နေသည်မှာ မမောနိုင်မပန်းနိုင်ပေ။ ကျွန်မတို့အားလုံးလည်း ကလေးနှင့်အပြိုင် ပြုံးပျော်ကြရသည်။ သီးချင်းဆိုဖျော်ဖြေပွဲကလည်း ပွဲအတွင်း၌ အပီအပြင်နေရာယူထားပါသေးသည်။ ကျွန်မတို့မှာ သီချင်းနားထောင်ရန်ထက် ရောင်စုံကျားရုပ်များနှင့်တွဲ၍ ဓတ်ပုံရိုက်ရန်သာ စိတ်ပါနေကြသည်။ မီးရောင်စုံအရုပ်များက ပြိုးပြိုးပြက်ပြက်နှင့် လူကို ညှို့ယူနှိုင်လွန်းနေသည်လေ။ မီးရောင်စုံအရုပ်များဖြင့် ညတာက ထိန်ထိန်သာနေပါတော့သည်။
Monday, May 21, 2012
ပန်းခင်းလမ်း
| ပန်းကလေးတွေကို ကျွန်မချစ်တယ်။ အရောင်သွေးစုံညီစွာနဲ့ သူ့ထက်ငါ လှသွေးကြွယ်နေကြတဲ့ ပန်းတွေပွင့်ဖူးရာ နေရာလေးတွေဆီကို ခြေလှမ်းဆန့်ရတာလည်း ကြိုက်တယ်။ အားလပ်ရက်တစ်ရက်မှာ သူငယ်ချင်းတွေနဲ့အတူ ချုယ်ရီပန်းတွေပွင့်ဖူးရာ Yang Ming တောင်တန်းပေါ်မှာရှိတဲ့ Yang Ming Park သို့ သွားလည်ခဲ့ဖူးတာကို အမှတ်ရနေဆဲပါ။ နေသာတဲ့ စနေနေ့ တစ်နေ့မှာပေါ့ ချယ်ရီပန်းတို့ ပွင့်ဖူးရာ အဲဒီတောင်ကိုသွားဖို့ bus ကားဂိတ်မှာ လူတွေကြိတ်ကြိတ်တိုး တန်းစီခဲ့ရသေးတယ်။တောင်ခြေတစ်လျှောက်ကစလို့ ပန်းသွေးကြွယ်နေတဲ့ ချယ်ရီပန်းပင်ဖွေးဖွေးတွေကို တွေ့မြင်နေရတယ်။ လူတွေကလည်း ဟိုတစ်စုဒီတစ်စုနဲ့ ပန်းကလေးတွေရဲ့အလှကို ခံစားနေကြလေရဲ့။ “ချယ်ရီပန်းလေးတွေရေ... မင်းတို့တွေ သိပ်လှတာပဲ” ... |
|
|
| Scrapbook customized with Smilebox
ချယ်ရီပန်းလေးတွေကို နှုတ်ဆက်ပြီးတော့ ဟိုင်ယွိလို့ခေါ်တဲ့ အဖြူရောင်ပိန်းပန်းလေးတွေရှိရာနေရာကို သွားခဲ့ကြပါတယ်။ ချယ်ရီပန်းတွေပွင့်တဲ့ ရန်မင်တောင်ကနေတစ်ဆင့် ဟိုင်ယွိတွေ ပွင့်ဖူးရာ ကြူးကျိဟူနေရာသို့ ဘတ်စ်ကားစီးပြီး သွားခဲ့ကြတာပါ။
ဟိုင်ယွိခြံတွေက ဟိုတစ်စုဒီတစ်စုနဲ့ အလှခြင်းပြိုင်နေကြတယ်။ ကျွန်မတို့သွားခဲ့တဲ့ ခြံကတော့ ဝင်ခ(၁၀၀)ပေးရပါတယ်။ ဝင်ခ၁၀၀ ဆိုတာ ခြံထဲမှာ ဟိုင်ယွိတွေကို (၁)ပွင့်(၁၀)နှုန်းနဲ့ (၁၀)ပွင့် ကိုယ်တိုင်ကိုယ်ကျခူးခွင့်ရပါတယ်။
သန့်ရှင်းလန့်ဆတ်တဲ့ လေတွေကို ရှုရှိုက်လို့ရတဲ့ ဒီလိုမြို့ပြင်နေရာလေးတွေကို ခြေလှမ်းဆန့်ရတာ သိပ်ပျော်ဖို့ကောင်းတာပဲ။ ပန်းခင်းလမ်းတွေကြားထဲမှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ခြေလှမ်းတွေကို ကနုကရွ လျှောက်လှမ်းရတာ၊ တောင်ပြာတန်းကြီးတွေကြား ပန်းလေးတွေရဲ့ မခို့တရို့ အလှတွေကို ခံစားကြည့်ရှုရတာကိုက ရင်ကိုအေးမြစေတာပါ။
|
| Customize a free digital slideshow |
Wednesday, March 21, 2012
မီးပုံးပျံ သွားလွတ်မယ် လိုက်ကြအုံးမလားကွယ်
“ မင်မင်၊ ငါတို့ဒီတပတ်အားရက် ဖင်ရှီး(ထိုင်ဝမ်ဖင်ရှီးဒေသ)သွားပြီး မီးပုံးပျံ သွားလွတ်မယ်၊ နင်လိုက်မလား။ ခုမီးပုံးပျံလွတ်ပွဲ ရောက်ပြီလေ။ လူအရမ်းစည်တယ်တဲ့။ သွားရအောင်လေ ”
သူငယ်ချင်း စီးလန်က လည်စရာ၊ ပတ်စရာ၊ စားစရာတွေရှိတိုင်း ကျွန်မကို သတိတရခေါ်တတ်သူပါ။ ခုလည်း မီးပုံးပျံလွှတ်ပွဲရောက်လာပြီဆိုပြီး သတိပေးကာ အဖော်ညှိလာ ပြန်တော့၊ သူနှစ်ခါပြောစရာတောင် မလိုလိုက်ပါ။ အဖော်ညှိလာသူထက် စိတ်အားပိုထက်နေသူက ကျွန်မဖြစ်လို့နေပါသည်။
မီးပုံးပျံလွတ်မည့် ဖင်ရှီးဒေသ သံလမ်းရိုးတလျှောက်ကို ရောက်တော့ သံလမ်းရိုးတလျှောက် အိမ်အောက်ထပ်တိုင်းရှိ ဆိုင်များ၌ မီးပုံးပျံများအပြိုင်အဆိုင်ရောင်းနေကြသည်ကို တွေ့လိုက်ရပါသည်။ မီးပုံးပျံအပြင် ချစ်စရာ မီးပုံးပျံ စားပွဲတင်အရုပ်များနှင့် နံရံချိတ်အလှရုပ်များ၊ သော့တွဲများကလည်း လက်ရာမြောက်ပြီး လှတပတ ရှိလှပါသည်။ ထို့ကြောင့် ဆိုင်တိုင်းနီးပါး ဝယ်သူများနှင့် ကြိတ်ကြိတ်တိုး စည်ကားနေကြပါသည်။ ရောင်းသူဝယ်သူများနှင့် တရုံးရုံး၊ တအုံးအုံး ဖြစ်နေသည့် လူကြားထဲမှ အပျော်များလည်း ကျွန်မတို့ဆီသို့ ကူးစက်လာပါတော့သည်။ ကျွန်မတို့ သူငယ်ချင်းလေးယောက်မှာမူ မည်သည့်ဆိုင်မှ ဝယ်ရနိုးနိုး လျှောက်ကြည့်ရင်း တချို့လူများလွတ်လိုက်သည့် မီးပုံးပျံများကို ခေါင်းမော့ပြီး ငေးကြည့်နေမိကြသည်။

တချို့ချစ်သူစုံတွဲများက ကိုယ့်ချစ်သူကို မည်မျှချစ်ကြောင်း အချစ်ခံစားချက်စာလုံးလေးများကို မီးပုံးပျံပေါ်၌ရေးကာ အတွဲကိုယ်စီနှင့် လွတ်ကြသကဲ့သို့၊ တချို့ကြတော့လည်း အဖွဲ့လိုက်လွတ်ကြပါသည်။ကျွန်မတို့အဖွဲ့ကတော့ ချွေတာရေးအနေနှင့် မီးပုံးပျံတစ်ခုသာဝယ်ပြီး အတူပေါင်းလွတ်ခဲ့ကြသည်။
မီးပုံးပျံအပေါ်၌ မိမိ၏ ဆန္ဒများကို ရေးခြစ်ပြီး လွတ်တင်ကြခြင်းပါ။ ဤသို့ မီးပုံပျံလွတ်ပွဲသည် ထိုင်ဝမ်လူမျိုးများ၏ ပျော်စရာကောင်းသည့် ယုံကြည်ရာ ဓလေ့တစ်ခုလည်းဖြစ်ပါသည်။ အထက်သို့ လွှတ်တင်လိုက်သော မီးပံုးပျံနှင့်အတူ မိမိရေးလိုက်သည့် ဆန္ဒများ ပြည့်ဝလာလိမ့်မည်ဆိုသည့် အယူနှင့် ယခုလို လွတ်တင်ြကခြင်းပါ။ ကျွန်မအနေနှင့်မူ ထိုသို့အယုံအကြည်မရှိသော်လည်း ပျော်စရာ ဓလေ့လေးတစ်ခုကို သူငယ်ချင်းများနှင့် အပန်းပြေ ပါဝင်ဆင်နွဲခြင်းတစ်ခုသာပါ။ ကျွန်မသူငယ်ချင်းစီးလန်ကမူ သူဋ္ဌေးမ အမြန်ဖြစ်ရပါစေလိုဟုလည်း ရေးလိုက်ပါရဲ့။ :)
ဘော်ပူး ဆိုသည့် အသံနှင့် ရထားကြီးလာတော့ သံလမ်းပေါ်မှလူများက ရှဲကနဲနှင့် ဘေးဘက်ဆီသို့ ဖယ်ကာ ရထားကြီးကို ဝိုင်းကြည့်နေကြပြန်သည်။ ရထားပေါ်မှ လူများကလည်း လက်များဝှေ့ရမ်းကာ အပြုံးများဖလှယ်ပေးကြပြန်ပါသည်။ အမှန်တကယ် ကြည်နူးစရာကောင်းလှပါသည်။သို့သော်လည်း ဤသို့သံလမ်းပေါ်၌ မီးပုံပျံ လွတ်ခြင်းကတော့ အန္တရယ်များလွန်းလှပါသည်။
လွတ်တဲ့သူများလွန်း၍ မီးပုံးပျံပေါ်၌ စာသားများရေးပြီးသော်လည်း နေရာရရန် တန်းစီစောင့်ရပါသေးသည်။ ကိုယ်အလှည့်ရောက်ပြီဆိုသည်နှင့် သံလမ်းပေါ်နေရာလွတ်ဆီသွားပြီး ယခုကဲ့သို့နေရာအကျအနယူလိုက်ကြပါသည်။
မီးပုံးပျံကို မီးညှိပြီးနောက်မှာတော့
Postထုတ်ပြီး ဓတ်ပုံကလည်း အမိအရရိုက်လိုက်ပါသေးသည်။
ဝါး ...အပေါ်ကို တက်သွားပြီ။ ပျော်လိုက်တာ...ပျော်လိုက်တာ။
တချို့လူများ၏ မီးပုံပျံများက လေအဝှေ့၌ အောက်သို့ပြန်ကျတာမျိုးလည်းရှိ၍ မီးပုံးပျံလွတ်စဉ် စိတ်လှုပ်ရှားရပြန်သေးသည်။
မီးပုံးပျံလွတ်ခြင်းက ထိုင်ဝမ်နိုင်ငံသားများ စုပေါင်းဆင်နွှဲကြသည့် ပျော်ရွှင်ဖွယ် ဓလေ့တစ်ခု ဖြစ်ပါသည်။ ထိုင်ဝမ်လူမျိုးများ နှစ်သက်သည့် ပွဲတော်တစ်ခုလည်း ဖြစ်ပေ၏။ အစိုးရများကိုယ်တိုင် ဦးဆောင်ပြီး ဒေသတိုင်း၌ မီးပုံးပျံ လွတ်ပွဲများ ပြုလုပ်ပေးလေ့ ရှိပါသည်။ နှစ်သစ်ကြိုဆိုရာ ပွဲတစ်ခုအဖြစ်လည်း တစ်နှစ်ထက်တစ်နှစ် စည်ကားလှပါသည်။ ဤသို့ ဖင်ရှီးဒေသ၏ မီးပုံးပျံလွတ်ပွဲဓလေ့ ဖြစ်ပေါ်လာပုံမှာ.......
ဖင်ရှီးဒေသသည် ထိုင်ပေချိုင့်ဝှမ်းအပြင်ဘက်ပတ်လည်ရှိ တောင်ပေါ်ဒေသပိုင်း၌ တည်ရြှိခင်းဖြစ်ပါသည်။ ဟိုးယခင်အချိန် ထိုဒေသမှလူများက တောင်ပေါ်သို့သွားပြီး နယ်မြေသစ်မြေယိုင်းများကို
ရှာဖွေတူးဖော်လုပ်ကိုင်ကြရပါသည်။ ဆက်သွယ်ရေးခက်ခဲသည့် ကာလဖြစ်သည့်အတွက် ရွာသားများသည် ဆောင်းကာလကုန်စ၊ လယ်မြေလုပ်ငန်းများ ရိတ်သိမ်းပြီးအချိန်ရောက်မှသာ အန္တရယ်များမှလွတ်မြောက်ပြီး ငြိမ်းချမ်းရာကာလသို့ ရောက်ပြီဖြစ်ကြောင်း အကြောင်းကြားသတင်းပေးသည့် အနေနှင့် မီးပုံပျံများလွှတ်ပြီး သတင်းပေးခဲ့ကြရာမှ ဤဓလေ့လေးပေါ်ပေါက်လာကြောင်း ဖတ်မှတ်ဖူးပါသည်။ နောက်ပိုင်း ယခုခေတ်ကာလများ၌ မီးပုံးပျံ လွှတ်ခြင်းကို ပျော်ရွှင်ဖွယ် ပွဲတော်အဖြစ်ကျင်းပလျက် ဤကဲ့သို့သော ချစ်စရာ အလေ့အထလေးကို အမြတ်တနိုးနှင့် ထိန်းသိမ်းထားကြခြင်းဖြစ်ပါသည်။
အထက်က ပုံနှစ်ပုံကgoogle ထဲကပုံပါ။ လှလွန်းသည့် ကောင်းကင်ကြီးကို ငေးမောကြည့်နေမိလိုက်တာ ကိုယ်တိုင်မှတ်တမ်းဓတ်ပုံရိုက်ဖို့တောင် သတိမရဖြစ်ခဲ့ရပါသည်။
ညနေ နေဝင်ချိန်နောက်ပိုင်း အနီးစပ်ရှိ နေရာတစ်ချို့သို့လည်း ရထားစီးပြီး သွားလည်ဖြစ်ကြပါသေးသည်။ ညမှောင်ရီအချိန်၌ လူများပို၍စည်နေကြောင်း တွေ့ရပါသည်။ မီးပုံးပျံလေးများ ဟိုသည်လွှင့်မျောနေလိုက်ကြသည်မှာ ကောင်းကင်ယံတွင် လပေါင်းအထောင်အသောင်း ထွက်ပေါ်နေသည့်အလားပင်။ ဤသို့ညအချိန် ကောင်းကင်ယံတွင် မီးပုံးပျံများဖြင့် ဆေးခြယ်ထားသည့် သက်ဝင် ပန်းချီကားလေးကို ခေါင်းမော့ငေးမောကြည့်နေရတာ အလွန်ပဲ ကြည်နူးဖို့ ကောင်းလှပါသည်။ ထို့ကြောင့် ဤသို့ပျော်စရာကောင်းလှသည့် နေ့လေးတစ်နေ့၏ အိမ်ပြန်လက်ဆောင်အဖြစ် သယ်ပိုးလာခဲ့သည်ကတော့ ပျော်ရွှင်ကြည်နူးမှုများဖြင့် ထွန်းညှိထားသည့် မီးပုံးပျံပုံရိပ်များပင် ဖြစ်ချေတော့သည်။
Wednesday, February 8, 2012
စတော်ဘယ်ရီခြံသို့ အလည်တစ်ခေါက်
"ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်တဲ့ စိတ်ကလေးတားမရဘူး"
ရင်ထဲကို အခါခါရောက်လာတတ်တဲ့ အဆိုတော် ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်းစာသားလေးပါ။
တကယ်ပဲ ရထားစီးဖို့အခွင့်ရောက်လာတော့ အိမ်ြပန်ချင်စိတ်က ပိုကဲလာပါတော့တယ်။ ဒါပေမယ့်
ဒီခရီးလေးက အိမ်ကိုပြန်တဲ့ ခရီးစဉ်လေးတော့မဟုတ်ပါဘူး။ သူငယ်ချင်းတွေအုပ်စုလိုက် အချိန်ညှိပြီး အားလပ်ရက်တစ်ရက်မှာ (苗栗大湖) ထိုင်ဝမ်နိုင်ငံမြောင်လိမြို့နယ်ရှိ သာ့ဟူရွာလေးဆီကို စတော်ဘယ်ရီအသီးတွေ ခူးဖို့ သွားခြင်းပါ။
ထိုင်ဝမ်နိုင်ငံရောက်စဉ် ပထမဦးဆုံးအကြိမ် ရထားစီးဖြစ်ခြင်းဖြစ်သလို၊ ထိုင်ခုံမရပြန်တော့ မတ်တပ်ရပ်ပြီး ရထားစီးသွားရပါတယ်။ ဒါပေမယ့် သူငယ်ချင်းတွေ တရုန်းရုန်းဆိုတော့ တပျော်တပါးကြီးပါပဲ။
သာ့ဟူရောက်တော့ စတော်ဘယ်ရီခြံက ဦးလေးကြီးက ကြိုတင်ညှိထားတဲ့အတိုင်း ကားနဲ့လာကြိုပါတယ်။ ဒီအရပ်လေးမှာတော့ စတော်ဘယ်ရြီခံတွေက အပြိုင်အဆိုင်နဲ့ ခြံကိုလာလည်သူတွေကို ဝန်ဆောင်မှုတွေအပြည့်ပေးတတ်ကြောင်းလည်း သိထားပါတယ်။ ကျွန်မတို့သွားမယ့်ခြံမရောက်ခင် လမ်းတလျှောက်မှာလည်း စတော်ဘယ်ရီခြံတွေကို တဖွေးဖွေးနဲ့ တွေ့နေရပါတယ်။ ကျွန်မတို့ အုပ်စုလည်း မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ဝေးရာ တစ်ရက်သာမှာ ရေထဲကိုပြန်ရောက်သွားတဲ့ ရေပျော်ငါးလို တပျော်တပါး ဖြစ်သွားကြပါတော့တယ်။

မြောင်လိဘူတာရုံရှေ့မှာ သူငယ်ချင်းများနဲ့ အမှတ်တရ
လူတရပ်နီးပါးရှိတဲ့ စတော်ဘယ်ရီရုပ် မှတ်တိုင်ရှေ့မှာ
သာ့ဟူရောက်တော့ စတော်ဘယ်ရီခြံက ဦးလေးကြီးက ကြိုတင်ညှိထားတဲ့အတိုင်း ကားနဲ့လာကြိုပါတယ်။ ဒီအရပ်လေးမှာတော့ စတော်ဘယ်ရြီခံတွေက အပြိုင်အဆိုင်နဲ့ ခြံကိုလာလည်သူတွေကို ဝန်ဆောင်မှုတွေအပြည့်ပေးတတ်ကြောင်းလည်း သိထားပါတယ်။ ကျွန်မတို့သွားမယ့်ခြံမရောက်ခင် လမ်းတလျှောက်မှာလည်း စတော်ဘယ်ရီခြံတွေကို တဖွေးဖွေးနဲ့ တွေ့နေရပါတယ်။ ကျွန်မတို့ အုပ်စုလည်း မြို့ပြရဲ့ မွန်းကျပ်မှုတွေနဲ့ ဝေးရာ တစ်ရက်သာမှာ ရေထဲကိုပြန်ရောက်သွားတဲ့ ရေပျော်ငါးလို တပျော်တပါး ဖြစ်သွားကြပါတော့တယ်။
တောင်ကုန်းလေးတစ်ခုပေါ်မှာရှိတဲ့ စတော်ဘယ်ရီခြံလေးကို ရောက်တော့ ခုလိုစနစ်တကျနဲ့ စိုက်ပျိုးထားတာကို မြင်တွေ့ရပါတယ်။ အသီးတွေကို မြေကြီးနဲ့ မထိအောင် ပလတ်စတစ်နဲ့ ကျကျနန ဖုန်းအုပ်ထားပြီး စိုက်ပျိုးထားခြင်းပါ။ စတော်ဘယ်ရီသီးတွေကိုလည်း လာလည်သူတွေစိတ်ကြိုက် ကိုယ်တိုင်ခူးယူခွင့်ပေးထားပါတယ်။ ဒါပေမယ့် စိတ်အလိုကျ မခူးဖို့လည်း ကျွန်မတို့သူငယ်ချင်းတွေကြား တယောက်နဲ့ တယောက် လက်တို့ပြီးတော့ ကြိုပြောထားကြပါတယ်။ ဘာလို့လည်းဆိုတော့ ခူးပြီးရင် ကိုယ်ခူးသလောက် အချိန်နဲ့ပြန်ဝယ်ရမှာလေ။
အသီးတွေကလည်း အားရဖို့ကောင်းပါတယ်။ နီနီရဲရဲ၊ ဖွံ့ဖွံ့ထွားထွား ကြီးတွေပါ။
တခါတလေ ခြံပိုင်ရှင် ဦးလေးကြီးလစ်ရင်တော့ တဖက်ကခူးရင်း တဖက်က အသီးကို ခူးစားလိုက်ရတာလည်း အပျော်တမျိုးပါ။ ဟိဟိ။ ရေဆေးဖို့လည်း သတိမရပါဘူး။
ဒီလိုနဲ့ သာ့ဟူမှာရှိတဲ့ စတော်ဘယ်ရီခြံလေးထဲမှာ ကျွန်မတို့ အုပ်စု တပျော်တပါးနဲ့ အသီးတွေခူးလိုက်၊ ဓတ်ပုံတွေရိုက်လိုက်နဲ့ အရမ်းကိုပျော်ခဲ့ရပါတယ်။ ပျော်စရာ နေ့လေးတစ်နေ့အဖြစ် ခုချိန်ထိသတိရနေဆဲပါ။
Sunday, March 6, 2011
Taiwan Queen's Head
"ဒီတစ်ပတ် အားရက်မှာ ဘယ်သွားလည်ရရင်ကောင်းမလဲနော်"
ဟုနွေရာသီကျောင်းပိတ်ရက် part time job အားရက်အတွင်း လျှောက်လည်ရန် ကျွန်မတို့ သူငယ်ချင်းသုံးယောက် တိုင်ပင်လိုက်ကြစဉ်၊ အားလုံးသဘောတူရွေးချယ်လိုက်ကြသည်ကတော့ Queen's head လို့ အဓိပ္ပယ်ရသည့် မိဖုရားဦးခေါင်းသွင်ရှိ ကျောက်ဆောင်ရှိရာ ပင်လယ်ကမ်းခြေဆီသို့ပါ။
ကျွန်မတို့  သုံးယောက် တပျော်တပါးနှင့် bus ကားလေးစီးကာ သဘာဝအလှတရားကျောက်ဆောင်များစုဝေးရာ ထိုနေရာသို့ေ၇ာက်ရှိသွားကြသည်။
"ဝေဟေး ...ပျော်ဖို့ ကောင်းလိုက်တာ"
"အို... လေတွေကတဖြူးဖြူးနဲ့ နေလို့ ကောင်းလိုက်တာ"
"အေးဟယ်"

ပင်လယ်လေညှင်းလေးတွေရဲ့ လတ်ဆတ်သည့် အထိတွေ့ ကြောင့် ၊သုံးယောက်သား တဝေးဝး တဟေးဟေးနှင့် ခုန်ပေါက်မြူးတူးမိကြသလို ၊ တဖြတ်ဖြတ်နှင့် ဓတ်ပုံများလည်း ရိုက်မပြီးတော့ပေ။

ဤနာမည်ကြီး မိဖုရားဦးခေါင်းသွင်ကျောက်ဆောင်သည် ထိုင်ဝမ်နိုင်ငံ၏ မြောက်ဖျားပိုင်း ကျွန်းဆွယ်အငူဖြစ်သည့် (野柳) ၇ဲလရုံ ဒေသတွင်တည်ရှိခြင်းဖြစ်သည်။ ဤနေရာသည် ကမ္ဘာလှည့်ခရီးသည် များကို ဖမ်းစားထားနိုင်သည့် နေရာတစ်ခုဆိုလျှင်လည်း မမှားပေ။

ကျောက်အမျိုးအစားများမှာ သဲကျောက်၊ ရှေလ(shale) ကျောက်မျိုးများဖြစ်ကြ၍ ကျောက်ဆောင်ကျောက်တုံးများသည် မိုးသက်မုန်တိုင်များ၊ ပင်လယ်လှိုင်းလေတို့ ၏ တိုက်စားမှုများကို ခံစား၇သောကြောင့် နှုစ်ရှည်လများကြာညောင်းလာသောအခါ ပုံသဏ္ဌာန်အမျိုးမျိုးပြောင်းလဲလာခဲ့ကြသည်။
မှိုပွင့်ပုံသဏ္ဍာန်၊ ပျားအုံ ပုံသဏ္ဍာန်စသဖြင့် အမျိုးမျိုးတွေ့ မြင်ခဲ့ရသည်။

ဤမိဖုရားဦးခေါင်းသွင်ကျောက်ဆောင်သည် အားလုံးထဲ၌ အထူးခြားဆုံးဖြစ်သည်။
မှိုပွင့်ပုံသဏ္ဍာန်ကျောက်အမျိုးအစားဖြစ်၍ အမှန်တကယ်ပင် မိဖုရားတစ်ပါး၏ ဦးခေါင်းအသွင်အလား ခန့်ငြားလှပလှပေသည်။ ဘုရားသခင်ဖန်ဆင်းထားသည် သဘာဝလောက ကြီး၏လှပမှုကို မချီးကျူးပဲ မနေနိုင်တော့ပါ။
ယခုကဲ့သို့  အားရက်လေး၌ သူငယ်ချင်းများနှင့် လျှောက်လည်ရခြင်းမှာ အလွန်ပင်ပျော်စရာကောင်းသကဲ့သို့  ဒေသ န္တဗဟုသုတများကိုလည်း လေ့လာခွင့်၇ပေသည်။ကျွန်မတို့  သူငယ်ချင်းသုံးယောက်မှာ အပျော်လွန်၍ဓတ်ပုံများရိုက်မပြီးနိုင်အောင် ဖြစ်နေတော့သည်။ သို့ နှင့် မှောင်ရီပျိုး ချိန်ေ၇ာက်မှသာ သဘာဝအလှတရားများနှင့် ထုဆစ်ထားသည့် မိဖုရားကျောက်ဆောင်ကမ်းခြေလေးကို နှုတ်ဆက်ပြန်လာနိုင်ခဲ့ပါတော့သည်။

Subscribe to:
Posts (Atom)